ပတ္တမြားမှန်လျှင် နွံမှာ နစ်သော်လည်း မညစ်

(စကားပုံ)

      ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း အရည်အရောင် မညစ်သကဲ့သို့ အရည်အချင်းရှိသူမှန်လျှင် မည်မျှပင် ချိုးနှိမ်စေကာမူ နိမ့်ကျမသွားပေ။ (ပတ္တမြားစစ်က ညွန်မှာ နစ်သော်လည်း မညစ် - ဟူ၍ လည်း အသုံးရှိသည်။)

Read Users' Comments (1)comments

1 comment:

Myanmar Sakarpon said...

ရှေးအခါက ဟိမဝန္တာတွင် ပတ္တမြားလိုဏ်ဂူတစ်ခု၌ ဝက်များ နေထိုင်ကြ၏။ ထိုဂူအနီး၌ ခြင်္သေ့တစ်ကောင် လှည့်လည်ကျက်စားရာ ခြင်္သေ့ဖြတ်သွားတိုင်း လိုဏ်ဂူ၌ အရိပ်ထင်၏။ ဝက်တို့သည် ခြင်္သေ့အရိပ်ကို မြင်သဖြင့် ကြောက်လန့်ပြီး ပတ္တမြားအရောင် ကြည်လင်သောကြောင့်သာ အရိပ်ထင်ခြင်းဖြစ်သည်၊ ပတ္တမြားအရောင်ကို မှိန်အောင် ပြုလုပ်ကြမည်ဟု လိုဏ်ဂူကို ရွှံ့ဖြင့် လိမ်းကျံကြ၏။ သို့သော် ပတ္တမြားသည် ဝက်တို့အမွေးဖြင့် ပွတ်တိုက်ခံရ၍ အရောင် ပိုမိုကြည်လင်လာ၏။ ဝက်တို့က ဂူအနီးရှိ ရသေ့တစ်ပါးအား ပတ္တမြားအရောင် ညစ်နွမ်းစေမည့်အကြောင်းကိုမေးရာ ရသေ့က ဤလိုဏ်ဂူသည် ပတ္တမြားမှန်သဖြင့် အရောင်ညစ်နွမ်းအောင် ပြုလုပ်၍ မရနိုင်၊ ထို့ကြောင့် သင်တို့သည်သာ ဖယ်ရှောင်ကြလော့ဟု မိန့်ဆိုလေသည်။
ခုဒ္ဒကနိကာယ်၊ ၂၈၅- မဏိဃံသဇာတ်။

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!