တစ်ကောင်ရ ငါ့သမီးရှင်ထွေး

(စကားပုံ)

      ငါးတစ်ကောင် ရတိုင်းရတိုင်း ငါ့သမီး ရှင်ထွေးဖို့ဟု ရည်စူးသကဲ့သို့ အခွင့်အလမ်းပေါ်လာသည့် အခါတိုင်းအခါတိုင်း တစ်ယောက်တည်း အဖို့သာ ရည်စူးသည်။

      ရှေးအခါက တံငါသည် လင်မယားနှစ်ယောက်တွင် မယ်ထွေးဟုခေါ်သော အလွန်လှပချောမော သည့် သမီးတစ်ယောက် ရှိသည်။ မိခင်ဖြစ်သူသည် မယ်ထွေးအား အလွန်ချစ်မြတ်နိုးလေသည်။ ရှာဖွေရသော ငါးများကို မယ်ထွေးက လှည့်လည်ရောင်းချ ပေးလေသည်။ တစ်နေ့သော် တံငါသည် လင်မယား ငါးရှာထွက်ရာ အချိန်အတော် ကြာသည့် တိုင်အောင် ငါးမရရှိသဖြင့် တံငါသည်သည် စိတ်တိုနေ လေသည်။ ထိုစဉ် ငါးတစ်ကောင်ကို မိလေရာ တံငါသည် မိန်းမက "ငါ့သမီး ရှင်ထွေး ဈေးတင်ဖို့" ဟု အော်လိုက်သည်။ နောက်ထပ် တစ်ကောင်မိသော အခါ၌လည်း "ငါ့သမီး ရှင်ထွေး ဈေးတင်ဖို့" ဟု အော်ပြန်သည်။ နောက်ထပ် တစ်ကောင်မိပြန်သော အခါလည်း "ငါ့သမီး ရှင်ထွေး ဈေးတင်ဖို့" ဟု ဆိုပြန်သတတ်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!