နောက်ကျ နွားချေးနှင့်သလဲ
ရွှေကျားသည် ထမင်းစား နောက်ကျ၍ ထမင်းထုပ်ထဲ၌ နွားချေးနှင့် သလဲသာ တွေ့ရသကဲ့သို့ သူ တကာထက် နောက်ကျသူသည် ရမည့်အခွင့်အရေး လက်လွတ်သည်။
တစ်ခါက အလွန်ပါးနပ်သော ရွှေယုန်သည် အလွန်ရိုးအသော ရွှေကျားနှင့် အဆွေခင်ပွန်း ဖြစ်ကြ သည်။ တစ်နေ့တွင် သူတို့နှစ်ဦး သဘောတူ သက်ငယ်ရိတ် သွားကြရာ ရွှေကျားက သက်ငယ်များ စတင်ရိတ်သော်လည်း ရွှေယုန်က ပျင်းရိနေပြီး "ထမင်း အလျင်စားမည်" ဟု ဆိုသည်။ ရွှေကျားက မိမိသက်ငယ်ရိတ်ပြီးမှ စားမည်ဟု ပြောရာ ရွှေယုန်က နောက်မှ စားလိုလျှင် ရွှေကျားသဘော ဖြစ် ကြောင်း၊ သို့သော် နောက်ကျလျှင် ထမင်းထုပ်က နွားချေးနှင့်သလဲဖြစ်တတ်ကြောင်း ပြောပြီး ရွှေ ကျား သက်ငယ်ရိတ်နေစဉ်တွင် ထမင်းထုပ်ကိုစား၍ ချုံတစ်ခုတွင် သွားအိပ်နေတော့၏။ ရွှေကျား သည် နေမွန်းတည့်အောင် သက်ငယ်ရိတ်ပြီး နံနက်စာစားရန် လာသည့်အခါ သူ့ထမင်းထုပ်ကို မတွေ့ ရဘဲ ရွှေယုန်ထားခဲ့သည့် နွားချေးနှင့်သလဲထုပ်ကိုသာ တွေ့ရလေရာ အလွန်ရိုးသော ရွှေကျားက မိမိ နောက်ကျ၍ ထမင်းထုပ်သည် ရွှေယုန်ပြောသကဲ့သို့ နွားချေးနှင့်သလဲ ဖြစ်သွားသည်ဟု ထင်မိလေ သည်။
No comments:
Post a Comment