ဆန်ခိုးမမိ ဖွဲခိုးမိ
(စကားပုံ)
၁။ ဆန်ကိုခိုးစဉ်က မမိဘဲ ဖွဲကိုခိုးခါမှ မိသကဲ့သို့ ကြီးလေးသော ပြစ်မှု ကျူးလွန်စဉ်က အမှုမဖြစ် ဘဲ သေးငယ်သော ပြစ်မှုကို ကျူးလွန်သည့်အခါမှ အမှုဖြစ်သည်။
၂။ ဆန်ခိုးသူအား မမိဘဲ ဖွဲခိုးသူကျမှ မိသကဲ့သို့ ကြီးလေးသော ပြစ်မှုကျူးလွန်သူကိုမမိဘဲ သေး ငယ်သော ပြစ်မှုကို ကျူးလွန်သည့်သူ ကျမှ မိသည်။
ရှေးအခါက လူတစ်ယောက်သည် စပါးနှင့်ဖွဲတို့ကို အိမ်တွင် သိုလှောင်ထားသည်။ တစ်ယောက် သောသူက စပါးကို ခိုးယူ၍ နောက်တစ်ယောက်က ဆောင်းတွင်း အခါ၌ မီးလှုံရန် ဖွဲကို ခိုးယူသည်။ အိမ်ရှင်က သူခိုးစောင့်ဖမ်းသောအခါ ဖွဲသူခိုးကို မိသဖြင့် သင်သည် ဖွဲကိုသာမက စပါးကိုပါ ခိုးသည် ဟု ဆိုကာ ရိုက်နှက်၍ အလျော်တောင်းလေသည်။
ပုံပြင်
No comments:
Post a Comment