စူးနေရာစူး၊ ဆောက်နေရာဆောက်
(စကားပုံ)
၁။ စူးကို စူးနှင့် သင့်တော်ရာတွင်သာ သုံးရသည်၊ ဆောက်ကို ဆောက်နှင့်သင့်တော်ရာတွင်သာ သုံးရသည်။ ထိုနည်းတူ မည်သည့်ပစ္စည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို နေရာဌာန အလိုက် စွမ်းအား အလိုက် သုံးရသည်။
၂။ လက်သမား လုပ်ငန်းတွင် စူးနှင့်ဆောက်သည် အရာဌာန အားလျော်စွာ အသုံးဝင်သကဲ့သို့ လောကတွင် မည်သည့်ပစ္စည်း၊ မည်သည့် ပုဂ္ဂိုလ်မဆို အရာဌာနအလိုက် အသုံးဝင်သည်ချည်း ဖြစ်သည်။
No comments:
Post a Comment