ဆင်ချည်သောကြိုး ကြက်ချည်သော်မမြဲ၊ ကြက်ချည်သောကြိုး ဆင်ချည်သော်မခိုင်

(စကားပုံ)

      ဆင်ချည်သောကြိုးဖြင့် ကြက်ကိုချည်သော် ကျွတ်ရာ၏။ ကြက်ချည်သောကြိုးဖြင့် ဆင်ကိုချည် သော် ပြတ်ရာ၏။ ထို့အတူ ဝန်နှင့်အား လျော်ကန်ခြင်း မရှိလျှင် လုပ်ငန်းချောမွေ့ အောင်မြင်ခြင်း မရှိနိုင်။

        ကွန်လက်လေးသစ်နှင့် ငါးစင်းအုပ်၍ မမိနိုင်၊ ကွန်လက်သည်းကွင်းနှင့် ငါးကြီးပစ်၍ မရနိုင် - နှင့် အတူတူ။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!