တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်

(စကားပုံ)

      ၁။ တောင်တို့သည် မည်မျှပင်မြင့်မားစေကာမူ တောင်တက်သူတို့၏ ဖဝါးအောက် ရောက်ရသည်။ လှိုင်းလုံးတို့သည် မည်မျှပင် ကြီးမားစေကာမူ လှေ၏အောက်သို့ ရောက်ရသည်။ ထို့အတူ ဂုဏ်ရှိန် မည်မျှ ကြီးမားသည့် အမျိုးသမီး ဖြစ်စေကာမူ လင်ယောက်ျား၏ ဦးဆောင်မှုကို ခံယူရသည်။

        တောင်ကြီး ဖဝါးအောက် - ဆိုရိုးလည်းရှု။

      ၂။ တောင်တို့သည် မည်မျှပင်မြင့်မားစေကာမူ တောင်တက်သူတို့၏ဖဝါးအောက် ရောက်ရသည်။ လှိုင်းလုံးတို့သည် မည်မျှပင် ကြီးမားစေကာမူ လှေ၏အောက်သို့ ရောက်ရသည်။ ထို့အတူ အခက်အခဲ တို့သည် မည်မျှပင်ကြီးမားစေကာမူ ကြိုးစား အားထုတ်မှု၏ အောက်၌ ပပျောက် သွားရသည်။

        လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖဝါးအောက် - နှင့် အတူတူ။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!