ထွေးပြီးသားတံတွေး ပြန်မျိုရိုးမရှိ

(စကားပုံ)

      ထွေးပြီးသား တံတွေးကို ပြန်မျိုရိုးမရှိသကဲ့သို့ ပေးပြီးသား ကတိကို ပြန်ရုပ်သိမ်း ရရိုးမရှိ။

        ထွက်ပြီးသော ဆင်စွယ် ဝင်တယ်လို့မရှိ - နှင့် အတူတူ။

      ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက် ဘုရားလောင်းသည် အဆိပ်ဖြေတတ်သည့် ဆေး ဆရာ ဖြစ်၏။ တစ်နေ့သ၌ မြွေကိုက်ခံရသည့် ရွာသားတစ်ဦးကို ဆွေမျိုးများက ဆေးဆရာထံ ခေါ် လာသည်။ ဆေးဆရာသည် မြွေကိုခေါ်၍ အဆိပ်ကို ပြန်အစုပ်ခိုင်းရာ မြွေက "ငါသည် တစ်ကြိမ် ထုတ်စွန့်ပြီးသည့် အဆိပ်ကို တစ်ဖန်ပြန်၍ စုပ်ရိုးမရှိ" ဟု ပြောလေသည်။ ထိုအခါ ဆေးဆရာသည် မီးဖိုစေ၍ "အဆိပ်ကို ပြန်မစုပ်လျှင် မီးပုံထဲသို့ ဆင်းလော့" ဟု ဆိုသည်။ မြွေသည် "မီးပုံထဲ သို့သာ ဆင်းမည် အဆိပ်ကိုကား မစုပ်နိုင်" ဟု ဆိုကာ မီးပုံထဲသို့ ဆင်းမည် ပြုလေသည်။ ဆေးဆရာက မြွေအား မီးပုံထဲ မဆင်းစေဘဲ ဤနေ့မှစ၍ သူတစ်ပါးအား မညှဉ်းဆဲရန် ဆုံးမပြီး ပြန်လွှတ်လိုက် လေသည်။ မြွေကိုက်ခံရသူအားလည်း ဆေးကုသပေးလေသည်။

ခုဒ္ဒကနိကာယ်၊ ၆၉-ဝိသဝန္တဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!