ကျည်ပွေ့ အတက်ပေါက်

(စကားပုံ)

      ကျည်ပွေ့မှ အတက်ပေါက်သည် ဆိုသကဲ့သို့ မည်သို့မျှ အောင်မြင်မှုမရနိုင်ဟု အထင်ခံရသူသည် မယုံနိုင်လောက်အောင် ဖြစ်ထွန်းသွားသည်။

      ရှေးအခါ ပုဂံပြည်တွင် နရသီဟပတေ့ မင်းလက်ထက် အသက်ခြောက်ဆယ်ကျော်ရွယ်မှ ရဟန်း ပြုသော ရဟန်းကြီးတစ်ပါးသည် စာပေသင်ရန် ကံ့ကူဆံ အလှူခံမည်ဟု နန်းတော်သို့ ကြွလာ၏။ မင်းက မေးမြန်း လျှောက်ထားရာ စာပေသင်ရန် ကံ့ကူဆံ အလှူခံလို၍ လာကြောင်း ဖြေကြား၏။ မင်းက ရဟန်းကြီးအား ကျည်ပွေ့ အတက်ပေါက်မှ စာပေတတ်တော့မည်ဟု ပြက်ရယ်စကား ဆိုလိုက်၏။ ရဟန်းကြီးသည် ထိုအခါ မှစ၍ သဒ္ဒါ၊ သင်္ဂြိုဟ် ကျမ်းများကို နေ့စဉ် အပတ်တကုတ် လေ့လာသင်ကြားရာ မကြာမီ ကျမ်းတတ်တစ်ဆူ ဖြစ်လာသည်။ တစ်နေ့သ၌ ရဟန်းကြီးသည် ကျည်ပွေ့၌ သစ်ခက်သစ်ညွန့် စည်း၍ နန်းတော်သို့ဝင်ကာ ကျည်ပွေ့အတက်ပေါက်ပြီဟု မင်းအား ပြောဆိုလေ၏။

သာသနာလင်္ကာရ။ ၁၂၅။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!