ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်

(စကားပုံ)

    ကိုယ့်မြင်းနှင့် ကိုယ်စိုင်းရာတွင် စစ်ကိုင်းသို့ပင် ရောက်ရောက်၊ မည်သည့်နေရာသို့ပင် ရောက် ရောက် မမှုသကဲ့သို့ မိမိ လုပ်လိုရာကို ဖြစ်ချင်ရာဖြစ် တစ်ဇွတ်ထိုး ပြုလုပ်သည်။ (ငါ့မြင်း ငါ့စိုင်း စစ်ကိုင်းရောက်ရောက် ။ ငါ့မြင်း ငါ့စိုင်းညောင်ကိုင်းရောက်ရောက် - ဟူ၍လည်း အသုံးများ ရှိသည်။)

      ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် - နှင့် အတူတူ။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!