ကြောင်တစ်သက် ကြက်တစ်မြုံ

(စကားပုံ)

      ကြောင်တစ်ကောင်ကြောင့် ကြက်တစ်မြုံလုံး ပျက်စီးရသကဲ့သို့ အနိုင်အထက် ပြုသူတစ်ဦး ကြောင့် အားမဲ့သူအများ ပျက်စီးဆုံးရှုံးသည်။ (ကြောင်တစ်သက် ကြွက်တစ်မြုံ - ဟူ၍လည်း အသုံးရှိသည်။)

Read Users' Comments (1)comments

1 comment:

Myanmar Sakarpon said...

ရှေးအခါက သူကြွယ်မတစ်ဦးသည် အရွယ်ရောက်လာသော သားအား သင့်လျော်သော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထိမ်းမြားပေးရာ ကာလအတန်ကြာသည့်တိုင် သားသမီး မထွန်းကားသဖြင့် အခြားအမျိုးသမီးတစ်ဦးနှင့် လက်ဆက်စေပြန်သည်။ ပထမဇနီးက ဒုတိယဇနီးအား သားသမီးမထွန်းကားစေလိုသဖြင့် ပဋိသန္ဓေပျက်စီးအောင် အကြိမ်ကြိမ် ပြုလေသည်။ ထို့ကြောင့် ဒုတိယဇနီးသည် ပထမဇနီးအား လက်စားချေနိုင်စေကြောင်း ဆုတောင့်ခဲ့ရာ ကြောင်မဖြစ်သောဘဝ၌ ပထမဇနီးသည်က ကြက်မဖြစ်၍ ပေါက်သမျှ ကြက်ကလေးများကို ကြောင်က စားပစ်လေ၏။ ကြက်က တစ်ဖန် လက်စားချေနိုင်ကြောင်း ဆုတောင်ပြန်ရာ ကျားမ ဖြစ်လာ၍ ၎င်း၏ငြိုးဘက် သမင်မ မွေးသမျှ သမင်များကို စားပြန်လေ၏။ သမင်မက တစ်ဖန် လက်စားချေနိုင်ရန် ဆုတောင်းပြန်ရာ နောက်ဘဝတွင် ဘီးလူမဖြစ်၍ ငြိုးဘက်မိန်းမ မွေးသမျှ သားများကို လုယူစားပြန်လေသည်။
ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ၁-ယမကဝဂ်၊ ၄-ကာဠီယက္ခိနီဝတ္ထု။

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!