ကိုယ့်ရှူး ကိုယ်ပတ်

(စကားပုံ)

      ကိုယ့်ရှူး ကိုယ်ပတ် ဆိုသကဲ့သို့ မိမိ၏ မကောင်းသောအကြံကြောင့် မိမိပင် ဒုက္ခဖြစ်သည်။

        သူတစ်ပါးမကောင်းကြံ ကိုယ့်မှာ ဘေးဒဏ်ထိ - ဆိုရိုးလည်းရှု။

       ရှေးအခါက ရွာတစ်ရွာတွင် လူတစ်ယောက်သည် ပြစ်မှုကျူးလွန်မိသဖြင့် အမှုမှလွတ်ရန် ရှေ့နေ ငှားရမ်းသည်။ ရှေ့နေခကိုမူ အမှုပြီးမှပေးရန် သဘောတူထားကြသည်။ ရုံးတော်တွင် စစ်ဆေးသည့် အခါ တရားခံသည် မေးသမျှကို ပြန်မဖြေဘဲ ရှေ့နေ မှာကြားထားနှင့်သည့်အတိုင်း ရူးဟန်ဆောင်၍ ရှူးရှူး ဟုသာ ဆိုနေသည်။ နောက်ဆုံးတွင် ရုံးမင်းက ဤလူသည် စိတ်မနှံ့သူတစ်ဦးသာ ဖြစ်သည်ဟု ဆိုကာ အမှုမှ တရားသေလွှတ်လိုက်သည်။ တရားပြီးပြတ်၍ ရှေ့နေက အမှုသည်ထံမှ ရှေ့နေခ တောင်းသည့်အခါ မပေးဘဲ ရှူးရှူး ဟုသာ ဆိုလေသည်။ ရှေ့နေ ဖြစ်သူသည် မကြံတတ်တော့ဘဲ ကိုယ့်ရှူးက ကိုယ့်ကို ပြန်ပတ်ချေပြီဟု ညည်းညူလေသည်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!