ခတ်ကွင်း ပြင်တာနှင့် ရွာသစ်ကြီးရောက်

(စကားပုံ)

      စစ်ကိုင်းဆိပ်မှ ဆန်တက်သည့် လှေသည် ခတ်ကွင်းကို ကြိုတင်ပြင်ဆင်မထားသဖြင့် မလှော်ခတ် နိုင်ဘဲ ခတ်ကွင်းပြင်ရင်း ရေစီးနှင့်မျောပါသွားရာ ရွာသစ်ကြီးတိုင် ရောက်သွားသကဲ့သို့ လုပ်ငန်းကို ကြိုတင်ပြင်ဆင်မထားသဖြင့် လုပ်ငန်းစရတော့မည့် အချိန်တွင်မှ ပြင်ဆင်မှုလုပ်ရင်း ခရီးမတွင် ဖြစ် ရသည်။

  • ခတ်ကွင်း = လှေသမ္ဗန်၏ ခတ်တိုင်တွင် ခတ်တက်ကို သွင်းလျှိုရာ အထိန်းကြိုးကွင်း။
  • ရွာသစ်ကြီး = စစ်ကိုင်းမြို့၏ အောက်ဘက် (၂၃)မိုင်အကွာ၊ ဧရာဝတီ မြစ်ကမ်းနဖူးပေါ်ရှိ ရွာအမည်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!